သတင်းများ

သာယာဝတီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီ က မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မင်္ဂလာကန်တော်ကြီးအား ဒေသခံပြည်သူများ ကန်တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်း ကုသိုလ်ပြုကြ
Mar 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေဆံတော်စေတီတော်မြတ်ကြီးအနီးရှိ မင်္ဂလာကန်တော်ကြီးအား ယမန်နေ့နံနက်ပိုင်းအချိန်က စတင်ပြီး ပုဂံမြို့သူမြို့သားများ၊ ညောင်ဦးမြို့ သူမြို့သားများက ကန်တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်း ကုသိုလ်ပြုလုပ်ကြကြောင်း သိရသည်။
တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်မြတ်ကြီး တပေါင်းလပြည့်နေ့ ဆီမီး(၉၀၀၀)ပူဇော်
Mar 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်မြတ်ကြီး တပေါင်းလပြည့်နေ့ ဆီမီး(၉၀၀၀)ပူဇော်ပွဲကို မတ်(၅)ရက် ည(၆)နာရီက စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် ကျင်းပသည်။
နောင်ချိုမြို့နယ်တွင် တပေါင်းလပြည့်နေ့  ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် ဓမ္မစင်္ကြာ တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သာသနာ ၂၅၀၀ စူဠာ မုနိလောက ချမ်းသာဘုရားတွင် တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် ဓမ္မစင်္ကြာတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆နာရီအချိန်က အဆိုပါဘုရားစေတီဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော်မြတ်ကြီး ရွှေထီးတော်၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် အရံစေတီတော်များ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကျင်းပ
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီး စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်အား မျက်ပါးရွှေကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က နောင်တော်ကြီးစေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။
ညောင်ရွှေမြို့၌ နွေစပါးစံပြကွက်စိုက်ပျိုးတောင်သူများသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်
Mar 06,2023
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် နွေစပါးဧက ၁၀၀၊ တင်း ၁၂၀နှင့် အထက် ထွက်ရှိရေး စံပြကွက်တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ ချောင်းပိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဒရယ်မီးချောင်း၊ ဘိုင်းဒါးချောင်းနှင့် ကတုတ်ချောင်းများတွင် တောင်သူများ နွေစပါးအောင်ရေရရှိရေးအတွက် ချောင်းပိတ်ခြင်းလုပ်ငန်းများကို
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Mar 06,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့လယ် ၁ နာရီက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ် အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။