ဒိုက်ဦး မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဒရယ်မီးချောင်း၊ ဘိုင်းဒါးချောင်းနှင့် ကတုတ်ချောင်းများတွင် တောင်သူများ နွေစပါးအောင်ရေရရှိရေးအတွက် ချောင်းပိတ်ခြင်းလုပ်ငန်းများကို ဒိုက်ဦးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ၏၂၀၂၂-၂၀၂၃ ဘက်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီအရာရှိ ဦးဟန်ကိုလတ်က ပြောကြားပါသည်။
ယခုဆောင်ရွက်နေသော ဖအောင်ဝဲကျေးရွာ၊ ဒါးပိန်စုအောက်ပိုင်း၊ ဖအောင်းစုကျေးရွာအပိုင် ဒရယ်မီးချောင်းပိတ်လုပ်ငန်းမှာ အမြင့် ၂၀ ပေ၊အကျယ် ၂၀ ပေ နှင့် အရှည် ၁၈၀ ပေရှိပြီးလုပ်ငန်းပြီးစီးပါက ဖအောင်းစုကျေးရွာအုပ်စုရှိလယ်ဧက ၁၀၀၀ ကျော်အောင်ရေအတွက် အကျိုးပြုမည်ဖြစ်ပြီး တောင်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)