ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မင်္ဂလာကန်တော်ကြီးအား ဒေသခံပြည်သူများ ကန်တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်း ကုသိုလ်ပြုကြ

ညောင်ဦး  မတ် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေဆံတော်စေတီတော်မြတ်ကြီးအနီးရှိ မင်္ဂလာကန်တော်ကြီးအား ယမန်နေ့နံနက်ပိုင်းအချိန်က စတင်ပြီး ပုဂံမြို့သူမြို့သားများ၊ ညောင်ဦးမြို့ သူမြို့သားများက ကန်တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်း ကုသိုလ်ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ ရွှေဆံတော်စေတီတော်မြတ်ကြီးအနီးရှိ မင်္ဂလာကန်တော်ကြီးအား ပုဂံမြို့သူမြို့သားများ၊ ညောင်ဦးမြို့နယ်သူမြို့နယ်သားများသည် တပေါင်းလပြည့်နေ့ရောက်တိုင်း ထိုမင်္ဂလာကန်တော်ကြီးအား နှစ်စဉ်နှစ်တိုင်းကန်တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်း၊ မင်္ဂလာပြုလုပ် ကုသိုလ်ပြုလုပ်ကြကြောင်းသိရပြီး ဒေသခံများ၏ ပြောကြားချက်အရ တပေါင်း လပြည့်နေ့ရောက်တိုင်း ဒေသခံပြည်သူများမှ အဆိုပါမင်္ဂလာကန်တော်ကြီးအား ခေတ်အဆက် ဆက် တပေါင်းပြည်နေ့ရောက်တိုင်း ကုသိုလ်ပြုဆယ်ယူကြခြင်းဖြင့် တစ်နှစ်ပတ်လုံး ကံကောင်းခြင်း၊ တနှစ်ပတ်လုံး မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံခြင်း သည့်အယူများဖြင့် တပေါင်း လပြည့်နေ့ရောက်တိုင်း မင်္ဂလာကန်တော်ကြီးအား လာရောက်ကန် တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်းများ ပြုလုပ်ကြကြောင်းသိရသည်။

ယနေ့တွင်လည်း လူဦးရေ ၅၀၀ ခန့် ကန်ဆယ်ခြင်းများဖြင့် ကုသိုလ်ပြုကြကြောင်း ပုဂံခေတ်မှစ တင်ပြီး အဆိုပါကန်အား ပြုပြင်ထိန်းသိမ်းခဲ့ရာ ယနေ့တွင်လည်း ညောင်ဦးခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုင်လွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှကုသိုလ် ရှင်များလာရောက် ကန်ဆယ်ယူကြကြောင်းသိရသည်။

ဒီပါလင်း