တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်မြတ်ကြီး တပေါင်းလပြည့်နေ့ ဆီမီး(၉၀၀၀)ပူဇော်

တောင်ကြီး မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်မြတ်ကြီး တပေါင်းလပြည့်နေ့ ဆီမီး(၉၀၀၀)ပူဇော်ပွဲကို မတ်(၅)ရက် ည(၆)နာရီက စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် ကျင်းပသည်။

ဆီမီး(၉၀၀၀)ပူဇော်ပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့က စူဠာမုနိလောကချမ်းသာစေတီတော် လိုဏ်ဂူအတွင်းရှိ ရုပ်ပွားတော်မြတ်များအား ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်ပေးကြပြီး စေတီတော်ရင်ပြင်တွင် ဆီမီး(၉၀၀၀)ထွန်း ညှိပူဇော်ပေးကြ၍ ဘုရားရင်ပြင်အားလက်ယာရစ်ပတ်၍ ဖူးမျှော်ကြည်ညိုကြကာ ဆီမီးပူဇော်ပွဲသို့ လာရောက်ကြသော ဒေသခံပြည်သူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားစရာများဝေဌပေးကြပြီး ဆီမီးပူဇော်ပွဲတွင် လာရောက်ဧည့်ခံဖျော်ဖြေပေးကြသော ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ဒေသခံတီးဝိုင်းအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)