နောင်ချို မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သာသနာ ၂၅၀၀ ဘုရားတွင် တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် ဓမ္မစင်္ကြာတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ နာရီအချိန်က အဆိုပါဘုရားစေတီဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲနှင့်အတူ စတုဒိသာ အလှူတော်ပြုလုပ်ခြင်း၊ ရပ်ကွက်အလိုက် ဝတ်ရွတ်အသင်းများ စုပေါင်း၍ ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့ သာသနာ ၂၅၀၀ ဘုရားတွင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စူဠာမုနိလောက ချမ်းသာဘုရား ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အသီးသီးမှ ဝတ်ရွတ်အသင်းများ၊ ဘုရားဖူး လာရောက်သူ ပြည်သူများနှင့်အတူ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)