သီပေါ မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက် မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ယမန်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြ ဆရာ၊ ဆရာမများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများအား မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့တွင် စနစ်တကျ သင်ကြားပြသပေးလျက်ရှိကြောင်း၊ အဆိုပါ အားကစားသင်တန်းများကို ၂၀၂၃ ခုနှစ် မတ်လ (၁)ရက်နေ့ မှ (၁၄)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို အခမဲ့လာရောက်သင်ကြားနိုင်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)