သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး

သီပေါ မတ် ၂

၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပတော့ မည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ယမန်နေ့ မွန်းလွှဲ(၁)နာရီက စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သီပေါမြို့နယ်၌ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း နှင့်နမ့်လန် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စာစစ်ဌာန(၂)ခု ဖွင့်လှစ်၍ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၈၄)ဦး၊ နမ့်လန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၁၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀၂)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)