ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူများ ဝင်ရောက်ဖြေဆို

ပုဏ္ဏားကျွန်း မတ် ၈

မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စာစစ်ဌာန(၄)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး၊ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၁၅၀၉) ဦးရှိရာ ယနေ့ မြန်မာစာဘာသာအား စာစစ်ဌာန(၄)ခု၌ ဝင်ရောက်ဖြေဆိုသူ(၁၃၂၈)ဦး၊ ပျက်ကွက်သူ (၁၈၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)