ငရုတ်ကောင်းမြို့၌ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ငရုတ်ကောင်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ (အ.ထ.က)၊ စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၀)ဦး ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ငရုတ်ကောင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ကျန်းမာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)