သတင်းများ

ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေး သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားရှိ
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်စိမ်းလန်းစိုပြည်ရေး သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် သာသနာ့နယ်မြေများအတွင်း စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေသွားမည်ဖြစ် ကြောင်း သိရသည်။
လိပ်သိုမြို့၌ ဒေသထွက် ရွှေဖရုံသီးများ ဈေးကောင်းရရှိ
Mar 01,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ  ယခုအခါ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ရွှေဖရုံသီး တိုးချဲ့စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသဖြင့် ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး
Mar 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိရာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Grade-5 နှစ်ဆုံးစာမေးပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းမှာ Grade-9 နောက်ဆုံးဘာသာရပ်အဖြစ် အထွေထွေသိပ္ပံဘာသာကို ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ
Mar 01,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန မှကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေ အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ မြစ်သား မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၃၂) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 01,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၃၂) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ဆေးဝါးကျွမ်းကျင်-၄(ဆေးစပ်) (ဓာတ်မှန်)စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲ ကျင်းပ
Mar 01,2023
ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့မှ ကြီးမှူး၍ ဆေးဝါးကျွမ်းကျင်း-၄ ဆေးစပ် (ဓာတ်မှန်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံးကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင် ရာရောက်ထောက်ပံ့ငွေများပေးအပ်
Mar 01,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေများ လှည့်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်(၄)ရပ်ကွက်၌ လှည့်လည် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်​​ပေး
Mar 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက (၆၇)ရပ်ကွက်ပါရမီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။