၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆို

ရမည်းသင်း မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၈ ရက်နေ့ နံနက်  ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အ-ထ-က(၁)စာစစ်ဌာန၊ မြို့လှအ-ထ-က စာစစ်ဌာန၊ သိမ်ကုန်းအ-ထ-က စာစစ်ဌာန၊ ရွာတန်း အ-ထ-က စာစစ်ဌာနနှင့် ရွှေဒါးအ-ထ-က စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၅)ခုရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား (၄၀၁)ဦး၊ ကျောင်းသူ(၅၇၅)ဦး စုစုပေါင်း (၉၇၆)ဦးရှိပြီး ဖြေဆိုသူကျောင်းသား (၃၇၁)ဦးနှင့် ကျောင်းသူ(၅၄၅)ဦး၊ စုစုပေါင်း(၉၁၆)ဦး ဖြေဆိုကာပျက်ကွက် ကျောင်းသား (၃၀)ဦး၊ ကျောင်းသူ (၃၀)ဦး စုစုပေါင်း(၆၀)ဦး  ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး စာရင်းအရသိရှိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)