ဟုမ္မလင်း မတ် ၈
ဟုမ္မလင်းစိုက်ပျိုးရေးသိပ္ပံ ဒုတိယနှစ်၊ ကျောင်းသူ၊ ကျောင်းသား (၂၃)ဦးအား ကြီးကြပ်သူ ဆရာ၊ ဆရာမများ လိုက်ပါလျက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့် တာဝန်ရှိသူများက မတ်လ (၅)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ တောင်သူဦးသိန်းဖေ၏ မြရွက်စိမ်း လက်ဖက်ခင်းတွင် လက်ဖက်စိုက်ပျိုးမှုစနစ်၊ ခူးဆွတ်နည်း၊ ပေါင်းခံနည်း၊ လက်ဖက်စို၊ လက်ဖက်ခြောက် ပြုလုပ်နည်းများ ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။
ခေါင်ခမ်းကျေးရွာရှိ တောင်သူများ အသုံးပြုလျက်ရှိသည့် တစ်ပိုင်တစ်နိုင် လက်ဖက်နယ် လှိမ့်စက်နှင့် ယခင်လက်ဖက်ခြောက်စက်ရုံ လည်ပတ်အသုံးပြုခဲ့သည့် ကိရိယာများကို လေ့လာခြင်း၊ လက်ဖက်တောင်သူများနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)