သတင်းများ

ကျောက်ကြီးမြို့နယ်၌ Grade – 5 အခြေခံပညာမူလတန်းအဆင့်နှင့် Grade – 9 အလယ်တန်း အဆင့်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများကြည့်ရှု
Feb 23,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အ‌တွင်းရှိ Grade – 5 အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်းနှင့် Grade – 9 အလယ်တန်းအဆင့်စာမေးပွဲ ဖြေဆိုနေမှု အခြေအနေအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ပြုလုပ်
Feb 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မိုက်ခရိုပလတ်စ တစ်ညစ်ညမ်းမှုနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်အကြောင်း  အသိပညာပေး Talk Show ပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမအတွင်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့တွင် စားသုံးဆီတစ်ပိဿာ ၅၇၀၀ ကျပ်နှုန်းဖြင့် ပြည်သူများအား ရောင်းချပေး
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒိုင်းမွန်းတံခွန်ကုမ္ပဏီမှ လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဖိုချောင်သုံးစားသုံးဆီကို ဈေးနှုန်းသက်သာစွ
တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Feb 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်၊ မိုတယ်များ၊ ဌာနဆိုင်ရာများနှင့်လူနေအိမ်များသို့သွားရောက်၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိရာ ယမန်နေ့နံနက်က စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သိန္နီမြို့ အ.ထ.က(၁)စာစစ်ဌာန၌ ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို (၉၃)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ(၉၃)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၁၈)ဦး ဖြေဆိုမည်
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၌  ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော တရဘ-ဂိုင်ထောင့်- ဇမ္ဗူရစ်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုအားစစ်ဆေး
Feb 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တရဘ-ဂိုင်ထောင့်-ဇမ္ဗရာဇ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တည်ဆောက်လျက်ရှိ သံကူကွန်ကရစ်တံထားတည်ဆောက်နေမှုအား ယမန်နေ့ကရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းမြင့်ဟန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Feb 23,2023
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။