လယ်ဝေးမြို့တွင် စားသုံးဆီတစ်ပိဿာ ၅၇၀၀ ကျပ်နှုန်းဖြင့် ပြည်သူများအား ရောင်းချပေး

လယ်ဝေး ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒိုင်းမွန်းတံခွန်ကုမ္ပဏီမှ လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဖိုချောင်သုံးစားသုံးဆီကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် လာရောက် ရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ရောင်းချရာတွင် ဒေသခံပြည်သူများအား ဆီဘူးပါ တစ်ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်း​ဖြင့် တစ်ဦးလျှင် ၂ ပိဿာစီ ရောင်းချပေးခဲ့ပြီး ဆီပိဿာချိန် ၉၀၀ ကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)