သတင်းများ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ သံတွဲမြို့၊ သဗြုချိုင်ဆိပ်ကမ်းတွင်(အခမဲ့)ဆေးကုပေးမည်
Feb 27,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ၏လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မတ်လ ၄ ရက်မှ မတ်လ ၆ ရက်နေ့အထိ သံတွဲမြို့၊ သဗြုချိုင်ဆိပ်ကမ်း၊ အအေးခန်းတွင် (အခမဲ့)လာရောက်ဆေးကုသပေးမည်ဖြစ်သည်။
လိပ်သိုမြို့တွင် ပဲလိပ်ပြာစေ့များ စမ်းသပ်စိုက်ပျိုးကြည့်ရာမှ အောင်မြင်ဖြစ်ထွန်း၍ တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်
Feb 27,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်တွင် ပဲလိပ်ပြာစေ့ကို စမ်းသပ်စိုက်ပျိုးကြည့်ရာမှ ဝယ်ယူစားသုံးရန်မလိုတော့အောင်  အောင်မြင်ဖြစ်ထွန်းခဲ့သောကြောင့် တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း စမ်းသပ်စိုက်ပျိုးခဲ့သူ တစ်ဦးထံမှသိရသည်။
မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား ကွင်းဆင်းစစ်ဆေး
Feb 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မအီမြို့ကျေးလက်ကျန်းမာရေးဌာနမှ လမ်းတံတားဆိပ်ရှိ အလုပ်သမားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေး
Feb 27,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှိအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို  ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး
Feb 27,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်း မြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ များကျင်းပ
Feb 27,2023
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ဝတ္ထုတို၊  ကဗျာ၊  ပန်းချီ၊  ကာတွန်းပြိုင်ပွဲကို  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်  အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမတွင် ယမန်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိှမ်းသတ် သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ စုပေါင်းရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။