ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Feb 23,2023
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့တို့ တွေ့ဆုံ၍ မွေးမြူရေးမှိုများ စနစ်တကျ စိုက်ပျိုးထုတ်လုပ်၍ မှိုနှင့်သက်ဆိုင်သော တန်ဘိုးမြှင့်ကုန်ချောများ ထုတ်လုပ်၍ MSME လုပ်ငန်းများအတွက် အထောက်အကူပြု ကုန်ကြမ်းထုတ်လုပ်နိုင်ရေးအား အထူးအလေးထားကာ အာဟာရပြည့်ဝ၍ ဓါတုဓါတ်ကြွင်းကင်းစင်သော ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် (၁)နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။