တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

တောင်ကုတ်  ဖေဖေါ်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်၊ မိုတယ်များ၊ ဌာနဆိုင်ရာများနှင့်လူနေအိမ်များသို့သွားရောက်၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိရာ ယမန်နေ့နံနက်က စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်နှင့်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းရေးအတွက် မီးသတိမူရေး၊ မီးသတိပြုရေးနှင့်မီးငြိမ်းသတ်ရေး စသည်တို့ကို အသိပညာပေးပြီး လက်တွေ့သရုပ် ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)