သိန္နီ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ(၉၃)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (၂) ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ (၃၁) ဦး၊ နမ့်စလပ် အခြေခံပညာအထက်တန်းကျောင်းမှ (၆)ဦး၊ ပြင်ပဖြေဆိုသူ (၅၄) ဦး၊ စုစုပေါင်း (၉၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အ.ထ.က(၁) စာစစ်ဌာန တစ်ခုတည်း၌သာ ဆောင်ရွက်သွား မည်ဖြစ်သည်။ သိန္နီမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၁၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၆၈)ဦးအောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း (၃၁.၀၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)