ကျောက်တော်မြို့၌ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ပြုလုပ်

ကျောက်တော် ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မိုက်ခရိုပလတ်စ တစ်ညစ်ညမ်းမှုနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်အကြောင်း  အသိပညာပေး Talk Show ပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမအတွင်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းမှ မိဘပြည်သူများသိရှိနိုင်စေရန်အတွက် ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်း စာပါ ဆောင်းပါးရှင် ဇင်လတ်(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)ရေးသားသော မိုက်ခရို ပလတ်စတစ်ညစ်ညမ်းမှုနှင့်ကျွန်ုပ်တို့ပတ်ဝန်းကျင် ဆောင်းပါးပါအကြောင်းအရာများထဲမှ မိုက်ခရိုပလတ်စတစ်၊ ပတ်ဝန်းကျင်ရှိမိုက်ခရိုပလတ်စတစ်များ ရောက်ရှိလာရန်တွန်းအားပေးသည့်အခြေအနေများ ၊မိုက်ခရိုပလတ်စတစ်များကို ဆန်းစစ်ခြင်း၊ လက်ရှိကာလတွင် မိုက်ခရို ပလတ်စတစ်များသည် ရေထု၊ မြေထု၊ လေထုနှင့်သက်ရှိများ၏ အစိတ်အပိုင်းများတွင် တွေ့ရှိနေရပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများနှင့်ကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်လျက်ရှိသည်။ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှု၏ အရင်းအမြစ်သည် လူတို့ဖန်တီး အသုံးပြုနေသည့် ပလတ်စတစ်ပစ္စည်းများပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာရခြင်းစသောအကြောင်းအရာများအား ဆွေးနွေးခဲ့ပြီးနောက် စာထောက်-၃ ဒေါ်အေးကျော့လှိုင်မှ  မူလမိုက်ခရိုပလတ်စတစ်နှင့်ဆင့်ပွား မိုက်ခရိုပလတ်စတစ်၊ အခန်းအတွင်းရှိ မိုက်ခရိုပလက် စတစ် အပါအဝင် စွန့်ပစ်အမှိုက်များ၊ ဆွေးမြေ့ပျက်စီးရန်ကြာမြင့်နိုင်သည့်သက်တမ်းများ၊  မြို့ပြဧရိ ယာများမှ ပလက်စတစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလစ်စတစ်ပစ္စည်းများကြောင့် ထိခိုက်နိုင်မှု၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများနှင့် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုကိုဘယ်လိုထိန်းချုပ်ကြ မလဲစသော ဆောင်းပါးပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း ကျောက်တော်(ပြန်/ဆက်)