တောင်ကုတ် ဖေဖေါ်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တရဘ-ဂိုင်ထောင့်-ဇမ္ဗရာဇ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တည်ဆောက်လျက်ရှိ သံကူကွန်ကရစ်တံထားတည်ဆောက်နေမှုအား ယမန်နေ့ကရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းမြင့်ဟန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါတံတားမှာ တောင်ကုတ်မြို့နယ် တရဘကျေးရွာအုပ်စုရှိ တရဘ-ဂိုင်ထောင့်- ဇမ္ဗရစ်ကျေးရွာ ချင်းဆက်လမ်းပေါ်တွင်တည်ရှိပြီးတံတတားအရှည်မှာ ပေ-၁၂၀ ရှိကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သန်း-၄၈၀ဖြင့် ဌာနမှတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
မြို့နယ်(ပြန်/ဆက်)