မုံးကိုး ဖေဖော်ဝါရီ ၂၃
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့အတွင်းရှိ တောင်ပေါ်ကျေးရွားများနှင့် မြို့ပေါ်ရှိ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လစဉ်ကျင်းပလျက်ရှိပြီး မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာများအတွင်း ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များစုစုပေါင်းအပါး ၁၀၀ ပါးကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို လစဉ်ကျင်းပလျက်ရှိကြောင်း သိရပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် မုံးကိုးမြို့ရှိ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုအားလုံးနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖြစ်မြောက်စေရန် အဖက်ဖက်မှ ကူညီခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မုံးကိုးမြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာ သံဃာတော်များအတွက် မြို့တွင်း လှည့်လည်နိုင်ရေးကို မြို့အုပ်ချုပ်ရေးမှူး ဦးစောနယ်လ်ဆင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံလူငယ်များက တာဝန်ယူပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ မိသားစုများက သံဃာတော်များကို ဆန်၊ ဆေး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)