ရွှေကျင် ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁) ခုဖြင့် ဖြေဆိုကျင်းသွားမည်ဖြစ်ကာ အ.ထ.က (ရွှေကျင်) စာစစ်ဌာနတွင် အတွင်းဖြေ (၁၀၁) ဦး၊ အပြင်ဖြေ (၂၁၇) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၈) ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်ထားပြီးဖြစ်ကြောင်းသိရကာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များအား ဖေဖော်ဝါရီ (၂၁) ရက်နေ့မှ မတ်လ (၈) ရက်နေ့အထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)