ကျောက်ကြီး ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ Grade – 5 အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်းနှင့် Grade – 9 အလယ်တန်းအဆင့်စာမေးပွဲ ဖြေဆိုနေမှု အခြေအနေအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါပြီး စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Grade – 5 အခြေခံပညာမူလတန်းအဆင့် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ Grade – 9 အလယ်တန်းအဆင့်စာမေးပွဲ ဖြေဆို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများ၊ ဆူညံသံများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက်အပြင်စည်းလုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)