သတင်းများ

မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ် လွှင့်တင်ဆောင်ရွက်ပေး
Feb 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့၌ ရွှေတောင်သီလရှင်ကျောင်းတိုက် အဆောက်အဦဆောက်လုပ်ခြင်း၊ မြေလှူဒါန်းခြင်း၊ မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ရွှေတောင်သီလရှင်ကျောင်းတိုက် ​ဆောက်လုပ်ရန် မြေလှူဒါန်းခြင်း၊ မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ငပုတောမြို့ မြောက်ပိုင်း ရပ်ကွက်၊ ရွှေတောင်သီလရှင် ကျောင်းဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂)ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မတည်-အလှူရှင် ဦးဟန်တင်မောင်၊ ဒေါ်စန်းမြင့် (ဟန်သာသူ) မိသားစုနှင့်စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းများဆောင်ရွက်
Feb 23,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 23,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် စတုတ္ထတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်(၉) နာရီမှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ
Feb 23,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဌာနများ၏ ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက်တွင် အဆိုပါတက္ကသိုလ်၌ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ပြည်သူများ စားအုန်းဆီဈေးသက်သာစွာဖြင့် ကုန်ပစ္စည်းအရည်အသွေးမှန်ကန်စွာဝယ်ယူရရှိနိုင်ရေး မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက လှည့်လည်ရောင်းချပေး
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာနှင့် ကုန်ပစ္စည်းအရည်အသွေး မှန်ကန်စွာဝယ်ယူစားသုံးနိုင်စေရန်အတွက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ၊ ယနေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် နေရာ(၅)နေရာခွဲ၍ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့ကစတင်၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က (၁) ကျောင်း၌ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆို
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။