မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈နှစ်အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းပြင်ပ ကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။