နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

နမ့်ဆန် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် စတုတ္ထတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်(၉) နာရီမှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကျင်းပရာတွင် နမ့်ဆန်မြို့နယ်ရှိစာစစ်ဌာန(၄)ခု၌ Grade-9 စာမေးပွဲအား ကျောင်းသား(၇၂)ဦးနှင့် ကျောင်းသူ(၁၁၆)ဦး၊ စုစုပေါင်း(၁၈၈)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး Grade-5 စာမေးပွဲအား ကျောင်းသား (၁၂)ဦးနှင့် ကျောင်းသူ(၅)ဦး၊ စုစုပေါင်း (၁၈)ဦးဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

Grade-5 စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်ကောင်း၊ Grade-9 စာမေးပွဲသည် ပြည်နယ်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ မတ်လ(၁)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်ကောင်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)