ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ

သန်လျင် ဖေဖော်ဝါရီ ၂၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဌာနများ၏ ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက်တွင် အဆိုပါတက္ကသိုလ်၌ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်တွင် တက္ကသိုလ်ဌာန (၂၀) ခုတို့က အစားအသောက်များ၊ စာအုပ်စာစောင်များနှင့်အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ရောင်းချပေးလျက်ရှိရာ ဝန်ထမ်းမိသားစုများ၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိသည်။

အဆိုပါဈေးရောင်းပွဲတော် ဖွင့်ပွဲအပြီးတွင် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများက ဈေးရောင်းချနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)