သတင်းများ

ဖျာပုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြကွင်းဆင်းစစ်ဆေးဆောင်ရွက်
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း ရုံးအဆောက်အဦးများအား မီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်တားဆီး ရေးနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိခြင်း ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြကွင်းဆင်း ​ဆောင်ရွက်ခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (အော်တိုအိပ်ချိန်း) ရုံးများသို့ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့ မိုင်းပန်မြို့နယ်သို့ရောက်ရှိ
Feb 23,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊
ကျွန်းလှမြို့နယ်တွင် ချောင်းရေတင်စိုက်ပျိုးသော ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာနှင့် မကျီးအင်းကျေးရွာတို့တွင် ချောင်းရေတင်စိုက်ပျိုးသော ဟင်းသီး ဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ပင်းတယမြို့သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးဌာနမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Feb 23,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြမီးငြှိမ်းသတ်ပွဲ ကျင်းပ
Feb 23,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့အမ္ဗနဒီ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် အသိပညာ​ပေး​ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမ္ဗနဒီမြို့မစည် ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများအနီးတွင် ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ရွှေတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်းကျေးရွာ ကွင်းအမှတ်( ၄၂၁) မင်းရွာကွင်း နွေစပါး Drum Seeder ဧက (၁၀၀) စံပြ ကွက်စိုက်ပျိုးထားရှိမှု အခြေအနေနှင့် Ten Roll Seederဖြင့် စိုက်ပျိုးနေမှုအခြေအနေများ၊ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ ဦးစိုးမင်းထွန်း၏ အသားတိုးမွေးမြူရေးဝက်ခြံတွင် ဝက်ကောင်ရေ (၁၂၀) မွေးမြူထားရှိမှု အခြေအနေများ၊ ကံသုံးဆင့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၇၉) ရွာကုန်းရှိ မြေဧက (၁၀၀) ပေါ်တွင်
မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ တ‌ပေါင်းလအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကျင်းပ
Feb 23,2023
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ တ‌ပေါင်းလအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။