မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ် လွှင့်တင်ဆောင်ရွက်ပေး

မိုင်းခုတ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့တွင် စာကြည့်တိုက်တာဝန်ခံ ဒေါ်ဇင်မီမီထွန်းက စာဖတ်ပရိတ်သတ်များအတွက် ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားသည့် ''ရေကြည်ချမ်းမြ'' စာအုပ်၊ အောင်အေး(ရန်ကုန်တက္ကသိုလ်)ရေးသားသည့် ''သားသားမီးမီးကို မူကြို ကျောင်းပို့ရအောင်'' စာအုပ်၊ မောင်ကြည်သန့်ရေးသားသည့် ''အဓိပ္ပာယ်သိသိတည်ဆောက်စမ်းပါ ဘဝဆိုတာနေချင်စရာ'' စာအုပ်နှင့် လယ်တွင်းသားစောချစ်ရေးသားသည့်'' စားဖွယ်ပေါတဲ့ တို့တောရွာ''စာအုပ်တို့ကို မိတ်ဆက်ရိုက်ကူးကာ မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် စာဖတ်ပရိတ်သတ်များအတွက် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များအပြင်  ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းစသည့် အသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)