ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းများဆောင်ရွက်

ဂွ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

စာငှား၊စာဖတ်သူတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့်အလေ့အထများတိုးပွားစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေရေး၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရေးတို့အတွက် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက် သုတ/ရသ စာအုပ်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းဖြစ်ပြီး ထိုသို့ ငှားရမ်းပေးခြင်းကို တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ပတ်ပြည့်လျှင် စာအုပ်သစ်များလဲလှယ်ပေးခြင်းဖြင့် ငှားရမ်းပေးလျက်ရှိသည်။

ရွှေရည်ဝင်းကျော်