ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာနှင့် ကုန်ပစ္စည်းအရည်အသွေး မှန်ကန်စွာဝယ်ယူစားသုံးနိုင်စေရန်အတွက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ၊ ယနေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် နေရာ(၅)နေရာခွဲ၍ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြိုနယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းက စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် ကုန်ပစ္စည်းအရည်အသွေးမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက်၊ ရပ်ကွက်/ကျေးရွာများအလိုက် အလှည့်ကျစနစ်ဖြင့် Mobile လှည့်လည်ရောင်းချပေးလျက်ရှိရာ၊ ယနေ့တွင် သာယာအေးရပ်ကွက်၊ စံပြရပ်ကွက်၊ တမ္ပဝတီရပ်ကွက်၊ ဘူတာရပ်ကွက်နှင့် လယ်ယားတောင်ကျေးရွာတို့တွင် သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာလျှင်(၄၉၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းစားအုန်းဆီပိဿာချိန် (၁၄၃၀)ပိဿာရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းထံမှ သိရသည်။
နေအောင်