ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူ

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့ကစတင်၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က (၁) ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရပ်ကွက်နှင့် ကျေးရွားများရှိ ကျောင်းသား၊ ကျောင်းသူ (၃၇၇) ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်သည့်အတွက် ဝင်ခွင့်ကတ်ပြား များကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ပြင်ပဖြေဆိုသူ (၃၆၄) ဦး၊ ကျောင်းတွင်းဖြေဆိုသူ (၁၃) ဦး စုစုပေါင်းဖြေဆိုသူ (၃၇၇) ဦးအတွက် ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(IPRD)