ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆို

ထန်းတပင် (ပဲခူး) ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၇၄) ခုတွင် (Grade-5) (သင်ရိုးသစ်) ကျောင်းသား၊  ကျောင်းသူ (၁၅၃၉) ဦး နှင့် စာစစ်ဌာန (၃၂) ခုတွင် (Grade-9) (သင်ရိုးဟောင်း) မှ ကျောင်းသား၊ ကျောင်းသူ (၉၅၆) ဦးတို့ဝင်ရောက်ဖြေဆို သွားကြမည်ဖြစ်ကြောင်းသိရသည်။ Grade-5 စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲထိဖြေဆိုမည်ဖြစ်ပြီး တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် လည်းကောင်း၊ Grade - 9 စာမေးပွဲသည် တိုင်းစစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီထိဖြေဆိုမည်ဖြစ်ပြီး တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)