Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား သောက်သုံးရေများ လှူဒါန်း
Mar 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိစေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် ဦးဆောင်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင် တန်းပေါ်တွင် တည်ရှိသည့် တုရင်တောင်စွယ်တော်မြတ်စေတီ တော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ ရွှေသင်္ကန်းကပ်လှူမှု ကပ်လှူပြီဖြစ်ကြောင်း ညောင်ဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ပဲပုပ်စိုက်ခင်းများ ရေသွင်းစိုက်ပျိုးမှု များပြားလာ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ဆောင်းသီးနှံ ပြောင်း၊ ပဲပုပ်များ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ပဲပုပ်စိုက်ခင်းများကို အများအပြားစိုက်ပျိုး လာကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ နွေရာသီအားကစား(၅)မျိုး သင်တန်းဖွင့်လှစ်
Mar 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်း(၅)မျိုးကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့မှ နွေရာသီအခြေခံ အားကစားသင်တန်းသားများအတွက် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်
Mar 02,2023
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် နွေရာသီ အခြေခံအားကစားသင်တန်းတွင် တက်ရောက်နေကြသည့် သင်တန်းသားများ အား ယမန်နေ့ ညနေ(၃)နာရီက "၀" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ အာဟာရအားဖြည့်အချိုရည်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင်
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးဆောင်ရွက်
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တပေါင်းလပြည့်နေ့ အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်သံသရာအေး ဂေါပကအဖွဲ့တို့ပူးပေါင်း၍ တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့) အကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၁နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12435
Page
12436
Page
12437
Page
12438
Current page
12439
Page
12440
Page
12441
Page
12442
Page
12443
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department