မိုးနဲ မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ဆောင်းသီးနှံ ပြောင်း၊ ပဲပုပ်များ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ပဲပုပ်စိုက်ခင်းများကို အများအပြားစိုက်ပျိုး လာကြကြောင်းသိရသည်။
မိုးနဲမြို့နယ်အတွင်း ပြောင်း၊ စပါး၊ နေကြာ၊ ပဲပုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အဓိကထားစိုက်ပျိုးကြရာ ပြောင်း၊ စပါး၊ ပဲပုပ်များ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ပဲပုပ်ကိုရေသွင်း၍ ထပ်မံစိုက်ပျိုးလာကြကြောင်း၊ ယခုအချိန်တွင် ပဲပုပ်နှင့် ကြက်သွန်ဖြူတို့ကို အများဆုံး စိုက်ပျိုးထားကြကြောင်း၊ ကုန်ဈေးနူန်းများ မြင့်မားပြီး ထွန်ယက်ခများ၊ ဓာတ်မြေဩဇာများ၊ စိုက်ပျိုးစရိတ်များ၊ ပေါင်းလိုက်ခများ၊ ရိတ်သိမ်းခများ ကုန်ကျစရိတ် မြင့်မားမည် ဖြစ်သော်လည်း ပဲပုတ်ဈေးကောင်းသဖြင့် ထပ်မံစိုက်ပျိုးကြခြင်း ဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)