သီပေါမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းများ စတင်ဖွင့်လှစ်
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက် မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ယမန်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။