သတင်းများ

ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Mar 03,2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နောင်တရားမြို့၌ (၇၄) နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့ စတင်ကျင်းပ
Mar 03,2023
တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက် ၁၁ နာရီတွင် စတင်ကျင်းပသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနများမှ အရာထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်
Mar 03,2023
ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြင့်မားစေရန် ရည်ရွယ်၍ ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသော အလုပ်ရုံ‌ဆွေးနွေးပွဲကို မတ် ၁ ရက် နံနက် ၈ နာရီက ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပန်းခင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းယန်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာအရောက် လူမူရေးပင်စင်ပေးအပ်
Mar 03,2023
နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကိုမြှင့်တင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ မတ် ၃ ရက် နံနက် ၁၁ နာရီခွဲခန့်က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များကို တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းအခမ်းအနားကျင်းပ
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ခရိုင်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ (၃၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲကျင်းပ 
Mar 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာတွင် နွေစပါးစိုက်ပျိုးရေ လုံလောက်စွာရရှိရေး ရေငန်ထိန်း တံခါးတည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး
Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် တော်ကမယ်ကျေးရွာ၊ နတ်စင်ချောင်းတွင် ရေငန်ထိန်းတံခါး တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများ ဖြန့်ဖြူးရောင်းချပေး
Mar 03,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ပြီး လစဉ်ပထမပတ်အတွင်း လကုန်ပေးစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။