ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ

ညောင်ဦး မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင် တန်းပေါ်တွင် တည်ရှိသည့် တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ ရွှေသင်္ကန်းကပ်လှူမှု ကပ်လှူပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ထံက သိရသည်။

တုရင်တောင်‌၊ တောင်တန်းပေါ်ရှိ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး  ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကပ်လှူပူဇော်ခဲ့ကြပြီး ကြောင်း သိရသည်။ တုရင်တောင်စွယ်တော် မြတ်စေတီသည် ပုဂံ-ညောင်ဦးမြို့မှ အရှေ့တောင်ဘက် ၆ မိုင်ခန့်ကွာဝေးပြီး ကျောက်ပန်းတောင် -ညောင်ဦးသွား ကားလမ်းမကြီး၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး အရှေ့တောင်ဘက် သက်စိုးတောင်နှင့် တစ်ဆက်တည်းတည်ရှိသည်။

အနော်ရထာမင်းကြီးသည် စွယ်တော်ပွားကိုတင်ပြီး အဓိဌာန်ဖြင့် ဆင်ဖြူတော်ပေါ်တင်စေလွှတ်ရာ ဆင်ဖြူတော် ရတနာဝပ်သည့် နေရာတွင် ခရစ်သက္ကရာဇ် ၄၂၁ ခုနှစ်တွင် တည်ထားခဲ့ကြောင်း တုရင်တောင်နှင့်ကပ်လျက် ကျန်စစ်သား မင်းကြီး တူးဖော်ခဲ့သော မြကန်တည်ရှိပြီး တုရင်တောင် တန်းနှင့် အရှေ့တောင်ဘက်တွင် ယှဉ်လျက်ရှိသော သက်စိုး တောင်တည်ရှိပါတယ်၊ အနော်ရထာ မင်းကြီးသည် တုရင်တောင်စွယ်တော်စေတီကို ဖိနပ်တော်ရှစ်မြှောင့်ခံ၍ လောကနန္ဒာစေတီ ကဲ့သို့ပင် ခေါင်းလောင်းပုံတည်ခဲ့ပါတယ်ရှင်၊ စေတီအောက်ခြေတွင်  ဆင် ၃၂ ကောင်ခံပြီး တည်ထားခဲ့ကြောင်း သိရသည်။

တုရင်တောင်စွယ်တော် မြတ်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ကြမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင် ကြောင်း၊ ရွှေသင်္ကန်းကပ်လှူမည့် ရွှေဆိုင်း(၁၄၄၀၉)ပြား ကပ်လှူပူဇော် မည်ဖြစ်ပြီး ၉ လက်မရွှေစင်ပြားတစ်ပြား ၃၂၇၀၀ ကျပ်ဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း တုရင်တောင်စွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးလှရွှေကပြောကြား၍ သိရသည်။

ဒီပါလင်း