ကလောမြို့နယ်၌ နွေရာသီအားကစား(၅)မျိုး သင်တန်းဖွင့်လှစ်

ကလော မတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်း(၅)မျိုးကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါနွေရာသီသင်တန်း(၅)မျိုးတွင် ဘောလုံး၊ Aeroics Sumba Dance၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ လက်ဝှေ့ များဖြစ်ပြီးကျွမ်းကျင်သောနည်းပြဆရာ၊ ဆရာမများဖြင့် မတ်လ ၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)