မုံရွာ၊ မတ် ၃
တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူများ စိုက်ပျိုးသည့် စပါး၊ ဂျုံ၊ ဝါ၊ ဆီထွက်သီးနှံ၊ ကြံ၊ ပဲမျိုးစုံ သီးနှံများ ပန်းတိုင်အထွက် ရရှိရေး စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် ပြပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ တိုင်းဒေသကြီးအဆင့် အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ ဝန်ထမ်းများနှင့် တက်ရောက်လာသော တောင်သူများသည့် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ပြသထားသော မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးမွှားရောဂါပြခန်းများကို လှည့်လည်ကြည်ရှုခဲ့သည်။
ထို့နောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ဆောင်ရွက်လျက်ရှိရာတွင် စပါး၊ ဂျုံ၊ ဝါ၊ ဆီထွက်သီးနှံ၊ ကြံ၊ ပဲမျိုးစုံ သီးနှံများ အထွက်နှုန်းတိုးတက်ပြီး ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ GAP စနစ်တွင် မှတ်တမ်းထားရှိရမည့် အချက်များ၊ စိုက်ပျိုးနည်းပညာများ၊ ပန်းတိုင်အထွက်ရရှိရေး မြေဆီလွှာ အာဟာရမြှင့်တင်ရေး နည်းလမ်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ် များမှ စိုက်ပျိုးရေး ကျွမ်းကျင်ဝန်ထမ်း (၁၅)ဦးမှ စာတမ်း (၁၅)စောင် ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများနှင့် ကျေးရွာမှ တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ အပြန်အလှန်မေးမြန်းဆွေးနွေး ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာမှ တောင်သူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)