တမူး မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မတ်လ(၃) ရက်နေ့နံနက် (၈)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင် အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင် အသားဝါ ရောဂါ ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။
အဆိုပါ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းကို မတ် လ(၁)ရက်နေ့မှ(၂)ရက်နေ့ထိ ကိုယ်ဝန်ဆောင်မိခင်(၂၀၁)ဦး၊ တစ်နှစ်အောက် ကလေးငယ်(၁၁၀၈)ဦးတို့အား ထိုးနှံတိုက်ကျွေးပြီး ဖြစ်ကြောင်းမိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ တာဝန်ခံဆရာမထံမှ သိရှိရသည်။
ရတနာ