အလုံ မတ် ၃
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး၊ (၂၀၂၃) ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် “ကျားမတန်းတူညီမျှဖို့ နည်းပညာဖြင့် ဆန်းသစ်စို့ “စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆၁)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၆၈)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၈၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို ပြန်/ဆက်