ခမောက်ကြီးမြို့တွင် သာမယသဘာ ဗုဒ္ဓါဘိသေကမင်္ဂလာပဌာန်းပူဇော်ပွဲကျင်းပ
Mar 03,2023
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရွှေဘုန်းပွင့်တောင်တော်၊ တိလောကာရုံပရိယတ္တိစာသင်တိုက်တွင် ၁၃၈၄ ခုနှစ် တပေါင်းလပြည့်နေ့ တနင်္ဂနွေနေ့တွင်ကျရောက်မည့် တိလောကာရုံကျောင်းတိုက်နာယကဆရာတော်ဘုရားကြီး၏ (၅၃)နှစ် ပြည့်မြောက် မွေးနေ့ချိန်ခါသာမယကို အကြောင်း ပြု၍ သာမယသဘာဗုဒ္ဓါဘိသေကမင်္ဂလာ ပဌာန်းပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။