ပူတာအို မတ် ၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲကို မတ်လ (၈) ရက်မှ (၁၈) ရက်နေ့အထိကျင်းပ သွားမည်ဖြစ်ရာ ပူတာအိုမြို့နယ် ပူတာအိုစာစစ်ဌာနတွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၄၆၀) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံး မှသိရသည်။
ပူတာအိုစာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲကို မြို့နယ်နှစ်မြို့နယ်မှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ပူတာအိုမြို့နယ်မှ အတွင်းဖြေ(၆၇)ဦး၊ အပြင်ဖြေ (၃၇၇) ဦးနှင့်ဆွမ်ပရာဘွမ်မြို့နယ်မှ အပြင်ဖြေ (၁၁) ဦး၊ အတွင်းဖြေ (၅) ဦး စုစုပေါင်း (၄၆၀) ဦး၀င်ရောက်ဖြေဆိုမည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာ၀န်ရှိသူများ၊ စာမေးပွဲအတွင်းအပြင် ကြီးကြပ်ရေးမှူးများနှင့်ဆရာ ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ ၀င်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက် (ပူတာအို)