တနိုင်း မတ် ၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန သို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေ ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးအတွက် တနိုင်းမြို့ မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဦးစီးဌာနမှ ဦးစီးမှူး ဦးရှဲနိုင်၊ တာဝန်ရှိဌာနဆိုင်ရာများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အ. ထ. က (၁) စာစစ်ဌာနရှိ စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ တာဝန်ရှိဌာန ဆိုင်ရာများနှင့် အတူပညာရေးဌာနမှ တာဝန်ရှိ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်းအိ(တနိုင်း)