ကျွန်းလှမြို့နယ်၌ မိုလ်ဘိုင်းဖုန်းဖြင့် ဗွီဒီယိုရုက်ကူး တည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

ကျွန်းလှ မတ် ၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မိုလ်ဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူး တည်းဖြတ်ခြင်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုချိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အကြောင်းရှင်းလင်းပြောကြားပြီး ဗွီဒီယိုရိုက်ကူးနည်း၊ တည်းဖြတ်နည်း၊ Email ပို့နည်း တို့ကို စာတွေ့ လက်တွေ့ ပို့ချခဲ့ကြောင်း သိရသည်။

 အဆိုပါ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ သင်တန်းသား၊ ကျောင်းတန်းသူ ၁၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှ ၂ ရက်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)