မြောက်ဦး မတ် ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင် ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၆၉) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြောက်ဦးမြို့နယ်တွင် အ.ထ.က (၁) စာစစ်ဌာ နတွင် အလွတ်ဖြေ ကျောင်းသား/ကျောင်းသူ (၄၃၃) ဦး ၊ အ.ထ.က (၂) စာစစ်ဌာနတွင် အလွတ်ဖြေကျောင်းသား/ကျောင်းသူ (၄၀၇) ဦး၊ အ.ထ.က-မြောင်းဘွေ စာစစ်ဌာနတွင် (၁၂၉) ဦးဖြစ်ပြီး စာစစ်ဌာန (၃) တွင် စုစုပေါင်း အလွတ်ဖြေ ကျောင်းသား/ကျောင်းသူ (၉၆၉) ဦးဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)