ကျွန်းလှမြို့နယ်၌ နွေရာသီအခြေခံ အားကစားနည်းငါးမျိုး သင်တန်းဖွင့်လှစ်

ကျွန်းလှ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ မိမိတို့ကြိုက်နှစ်သက်သည့် အားကစားနည်းများ စနစ်တကျ လေ့ကျင့် နိုင်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယ‌မန်နေ့ ညနေ ၄ နာရီက နွေရာသီ အခြေခံအားကစားနည်း ငါးမျိုးသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ အားကစားနည်းများအဖြစ် ဘောလုံးသင်တန်းကို ရွှေကျွန်းမြေအားကစားကွင်းတွင် လည်းကောင်း၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်နှင့် Myanmar Fitness Dance သင်တန်းကို မိုးလုံလေလုံ အားကစားခန်းမတွင် လည်းကောင်း သက်ဆိုင်ရာ သင်တန်းနည်းပြ ဆရာများက ၁၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ