သတင်းများ

တွံတေးမြို့၏ ရိုးရာအိုးလုပ်ငန်းများတွင် အတာသင်္ကြန်အတွက် အတာအိုးများ ထုတ်လုပ်နေသည့်အတွက် အိုးလုပ်သားတို့ပုံမှန်ဝင်ငွေရနေ
Mar 07,2023
မြန်မာနိုင်ငံ၌ အိုးလုပ်ငန်းဟုဆိုလျှင် အထက်မြန်မာပြည်ရှိ နွယ်ငြိမ်းကျေးရွာ၊ အောက်မြန်မာပြည် တွံတေးမြို့အိုးလုပ်ငန်းကို လူသိများကြသည်။ အိုးဆိုလျှင် ဒေါင်းဒေါင်းမြည်တဲ့ အိုးမှခိုင်ခံ့သည်။ တွံတေးမြို့သည် တစ်ချိန်က ရှေးဟောင်းအိုးမြို့တော် ဖြစ်ခဲ့ဘူးသည်ဟု ပညာရှင်အများစုက လက်ခံထားကြသည်။ တွံတေးမြို့၏အိုးလုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာကပင် မိဘဘိုးဘွားအသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အစဉ်အဆက် လုပ်ကိုင်လာကြကြောင်း သိရသည်။
မိုးနဲမြို့နယ် ဝိဇ္ဇာရိယပရိယတ္တိဘုန်းတော်ကြီးစာသင်တိုက်သို့ ဌာနစုပေါင်း အလှူငွေပေးအပ်
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဌာနစုပေါင်း အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သမိုင်းဝင်ဆံတော်ရှင် မုလအိ စေတီတော်မြတ်ကြီး ရွှေထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Mar 07,2023
ကရင်ပြည်နယ်မြဝတီခရိုင်၊စုကလိမြို့ တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မုလအိစေတီတော်မြတ်ကြီး၏  နှစ်စဥ်တင်လှူ ပူဇော်မြဲဖြစ်သော ရွှေထီးတော်၊စိန်ဖူးတော် ငှက်မြတ်နားတော်အသစ်တင်လှူပူဇော်ခြင်း အခမ်းအနား အားယမန်နေ့နံနက် မင်္ဂလာအချိန်ဖြစ်သော ၉နာရီ ၉မိနစ် ၉ စက္ကန့်အချိန်က မုလအိဆံတော်ရှင်  အမျိုးသားဘုရား နှင့်အမျိုးသမီးဘုရား စေတီနှစ်ဆူတို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ အပတ်စဉ် ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက် /ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်လည်း ကွန်နားကျေးရွာအုပ်စု မွေတော်ဘုန်းတော်ကြီးကျောင်းစုရပ်နေရာ၌ တွေ့ဆုံပွဲ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့မစျေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာမြို့မစျေးအတွင်း ယနေ့နံနက်ပိုင်း ၉ နာရီက လိုက်လံစစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်၌ မွေးမြူရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကျင်းပ
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မွေးမြူရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (Talk show)ကို ယနေ့နံနက် (၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
ငပုတောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများ၌ မီးဘေး လုံခြုံစေရန်အတွက် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စီစဉ်ထားရှိသော စာစစ်ဌာနကျောင်းများတွင် မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စခန်းမှူး ဦးတင်မောင်၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင် ​ဦးဆောင်သော သန္ဓေ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး မီးဘေး လုံခြုံစိတ်ချရမှုရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စစ်ဆေးကာ လိုအပ်သည်များကို  တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စာဖြေခန်းများစနစ်တကျထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Mar 07,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ စာဖြေခန်းများစနစ်တကျထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။