စုကလိ မတ် ၆
ကရင်ပြည်နယ်မြဝတီခရိုင်၊စုကလိမြို့ တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မုလအိစေတီတော်မြတ်ကြီး၏ နှစ်စဥ်တင်လှူ ပူဇော်မြဲဖြစ်သော ရွှေထီးတော်၊စိန်ဖူးတော် ငှက်မြတ်နားတော်အသစ်တင်လှူပူဇော်ခြင်း အခမ်းအနား အားယမန်နေ့နံနက် မင်္ဂလာအချိန်ဖြစ်သော ၉နာရီ ၉မိနစ် ၉ စက္ကန့်အချိန်က မုလအိဆံတော်ရှင် အမျိုးသားဘုရား နှင့်အမျိုးသမီးဘုရား စေတီနှစ်ဆူတို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များက စေတီတော်တွင် အသစ်တင်လှူပူဇော်မည့် ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား လက်ယာရစ်သုံးကြိမ် လှည့်လည်အပူဇော်ခံပြီးနောက်၊ စေတီတော်တွင် တင်လှူပူဇော်ပေးခဲ့ကြပြီးနောက် အနေကဇာတင်ခြင်းနှင့် စေတီ၏ ရောင်တော်ဖွင့်ခြင်းများအား ဆရာတော် သံဃာတော်များက ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းပေးပြီး အခမ်းအနားအား သြကာသ သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
ယခုနှစ်တွင် လမ်းပန်းသွားလာရေး အဆင်ပြေသောကြောင့် ယခင်နှစ်ထက်အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ပိုမိုများပြားလျက်ရှိပြီး ဘုရားဖူးလာသူ ရဟန်းရှင်လူ ပြည်သူများအား စေတနာရှင်များက စတုဒီသာ ကျွေးမွေးခြင်းများဖြင့် ကျက်ပျံမကြ စည်ကားလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)